Saturday, July 24, 2010

Alpha Zawgyi ကို linux မှာ install လုပ်ရအောင်...

ကဲအရင်ဆုံး- www.ubuntu-myanmar.org မှာ zawgyi_keyboard-0.3.3.tar.gz ဖိုင်လေးကို download ဆွဲလိုက်ပါနော်...


အဆင့် ၁။ အပေါ်လင့်ကနေ ဇော်ဂျီဖွန့်ကို Download လုပ်ပါ။

အဆင့် ၂။ နောက် Download လုပ်လို့ ရတဲ့ ဖိုင်လေးကို Desktop ပေါ်မှာ တင်ထားပါ။

အဆင့် ၃။ Terminal ကိုဖွင့်ပါ။

အဆင့် ၄။ $ cd ~/Desktop ကို ပထမဆုံး ရိုက်ထည့်ပါတယ်။

အဆင့် ၅။ $ ls ကို ရိုက်ထည့်ပါမယ်။ (အယ် အက်စ် ဖြစ်ပါတယ်။)

အဆင့် ၆။ $ tar xzf zawgyi_keyboard-0.3.3.tar.gz

အဆင့် ၇။ $ ls

အဆင့် ၈။ $ cd zawgyi့

အဆင့် ၉။ $ sudo python zawgyi_keyboard.py

နောက်ဆုံး Command တွေအလုပ် လုပ်ပါလိမ့်မယ်။

သင့်အနေနဲ့ လိုအပ်တာကို လိုက်လုပ်ပေးဖို့ လိုပါလိမ့်မယ်။ ဥပမာ ဖွန့်အင်စတော လုပ်ရန် i

ကို ရိုက်ထည့် ပေးရလိမ့်မယ်။ နောက်ဆုံး Terminal ကို ပြန်ပိတ်ရန် q ကို ရိုက်ထည့်ပေးရပါမယ်။

ကဲပြီရင် system ထဲက preferance ထဲက keyboard ကို ရွေးပါ ပြီးရင် layout မှ add မှ myanmar ကိုရွေးပါ ရပါပြီ...

ubuntu အကြောင်းသိကောင်းစရာ

ကွန်ပျူတာဆိုရင် Windows လို့လူတွေက တွဲသိနေကြလောက်အောင် Microsoft ရဲ့ Windows တွေက Windows 95 ကနေ Window 7 အထိအောင် နာမည်ကျော်ကြားပါတယ်။ ကျော်ကြားသလောက်လဲ ကောင်းမွန်ခဲ့ပါတယ်။ Microsoft ရဲ့ Windows ကိုသာ သိကြပေမယ့် Linux OS တွေကို သိသူ အသုံးပြုကြသူတွေ တော်တော်လေးကို နည်းနေပါသေးတယ်။ Linux ကော သုံးလို့ကောင်းလား? ဘယ်လိုမျိုးအသုံးဝင်လဲ? Window XP တို့ Window 7 တို့နဲ့ ဘာကွာလဲ စသည်ဖြင့် ကွာခြားမှုလေးတွေကို ပြောပြပါမယ်။

ပထမဆုံး ဈေးနှုန်းက စပြောပါမယ်။

Windows 7 Starter : USD $199.95

Windows 7 Home Premium : USD $259.95

Windows 7 Professional : USD $ 299.95

Windows 7 Ultimate : USD $ 319.95

အဲဒါတွေက Windows 7 ရဲ့ လိုင်စင်တစ်ခုခြင်းဈေးနှုန်းပါ။ အောက်ကတော့ Ubuntu ရဲ့ အခွေ ၂၀ စာ အခွေ ၁၀၀ စာ အခွေ ၂၀၀ စာ ဈေးနှုန်းလေးတွေပါ။

Linux (Ubuntu Distro 9.04)

Pack of 20 - $35.00

Pack of 100 - $150.00

Pack of 200 - $250.00

တကယ်လို့ အခွေ (၂၀) ခန့်မှာခဲ့ရင် Netherlands ကနေ အခမဲ့ပို့ပေးပါတယ်။ ရက်သတ္တ ၄ ပတ်ကနေ ၆ ပတ် အထိလောက်တော့ စောင့်ရမယ်လို့ သတိပေးထားပါတယ်။ ဒါပေမယ့် ကျွန်တော် မှာကြည့်တဲ့အခါ ၃ပတ်ပဲ ကြာတာကို တွေ့ရပါတယ်။ License အကြောင်းပြောရရင် ရှေ့နေတွေလိုလည်း ကျွန်တော် မရှင်းပြတတ်ပါဘူး။ ဆရာတစ်ယောက် ရှင်းပြတဲ့ အက်ျီ ဥပမာနဲ့ပဲရှင်းပြပါရစေ။ Microsoft ရဲ့ license ကတော့ EULA ပါ။ End User License Agreement လို့ခေါ်ပါတယ်။ Linux ကတော့ GNU/GPL တဲ့ ခင်ဗျာ။ General Public License မှာ အကျုံးဝင်တာပါ။ OSS က Open Source Software ဖြစ်ပါတ.်။ Microsoft နဲ့ Linux က အင်္ကျီတွေ ရောင်းတယ်ဆိုပါစို့။ MS က ၀ယ်လာတဲံ အင်္ကျီက ပေရင်တော့ပြန်လျှော်ပေါ့ဗျာ။ အဲ ... ပေါက်ပြဲရင်တော့ အကြောင်းကြားခွင့်ပဲရှိတယ်။ ကိုယ်တိုင်ပြင်ခွင့်မရှိဘူးဗျ။ အကြောင်းကြားတာကိုလဲ ဟိုက ပြင်ပေးမယ် မပြင်ပေးဘူး မသေချာဘူးပေါ့ဗျာ။ အင်္ကျီတံဆိပ်တွေ လက်တွေခြေတွေကိုလဲ မပြောင်းလဲရဘူးဗျ။ ပြောင်းလဲရင် တရားစွဲခံရမယ်တဲ့။ ကိုယ်က လက်ရှည်နေလဲ အောင့်အည်းသည်းခံပြီးတော့ ၀တ်၊ လက်မောင်းကျပ်နေလဲ အောင့် အည်းသည်းခံပြီး ၀တ်ရတော့မှာပေါ့ဗျာ။

Linux ကတော့ အင်္ကျီ ရောင်းရင်ပဲဖြစ်ဖြစ်၊ အခမဲ့ပေးလိုက်တာပဲဖြစ်ဖြစ် ချုပ်ပုံချုပ်နနည်းနဲ့တကွ တိုင်းတာနည်းက အစ အသားကိုဘယ်လိုညှပ်ရတယ်ဆိုတာပါ လိုအပ်တယ်ဆိုရင် ပေးလိုက်တယ်ဗျ။ အဲဒီချုပ်ပုံချုပ်နည်းကို ကြည့်ပြီး ကိုယ်နဲ့ကိုက်ညီသလို ပြန်လည်ချုပ်တာတို့ ပြုပြင်တာတို့လည်း လက်ခံတယ်ဗျာ။ ဈေးနှုန်းဆိုတာလဲ ချိုမှချိုဗျာ။ နည်းလမ်းတွေ မသိရင်တော့ Online မှာ ဆရာတွေတက်ရှာပါ။ သူတို့ အရင်လုပ်ခဲ့တဲ့ လမ်းကြောင်းတွေတွေ့ရမယ်၊ မေးလို့ရမယ်။ အဲလိုကွာတယ်။ ကိုယ်ပိုင်တစ်ခု license တစ်ခုခုဝယ်ပြီး ပြန်ပြင်နိုင်တယ်။ ပြီးရင် ကိုပေးချင်တဲ့လူကို တရားဝင် အခမဲ့ပေးနိုင်ပါတယ်။ ဒါမှမဟုတ် ကြည့်မရတဲ့ သူဆိုရင် ကြိုက်ဈေးရမှ ရောင်းပေါ့။ အဲ ဒါပေမယ့် ချုပ်ပုံချုပ်နည်းလို့ ကျွန်တော် တင်စားထားတဲ့ Source Code တွေကိုတော့ ထည့်ပေးရတယ်ဗျ။ OSS ရဲ့မူဆိုပါတော့။ တော်တော်များများက OSS Open Source Software ဆိုရင် အခမဲ့ရတယ်လို့ပဲ မြင်ကြပြောကြတယ်ဗျ။ အမှန်တော့ လွတ်လပ်တဲ့ Software ဆိုရင် ပိုမှန်တယ်။ အကုန်အလုံးစုံ တော့ အခမဲ့မရနိုင်ပါဘူး။ FOSS Free & Open Source Software ဆိုမှ လွတ်လွတ်လပ်လပ် အခမဲ့သုံးလို့ရတယ် လို့ခေါ်တာပါ။ COSS လို့ခေါ်တဲ့ Commercial Open Source Software လဲရှိသေးတာကိုး။

GPL လိုင်စင်ရဲ့ရည်မှန်းချက်တွေကတော့ 1. သူတို့ရဲ့ Software တွေကို လွတ်လွတ်လပ်လပ် သုံးလို့ရမယ်။ 2. အဲဒီ Software တွေက ဘယ်လို အလုပ်လုပ်လဲ ကြည့်ရှုခွင့်ရမယ်။ လေ့လာသင်ကြားနိုင်မယ်။ မိမိလိုအပ်ချက်နှင့်အညီ ပြုပြင်ပြောင်းလဲနိုင်ရမယ်။ ( ဒါပေမယ့် ပြုပြင်ခွင့်တောင်းခံရမယ်။ အရင် Software ရေးဆွဲခဲ့တဲ့ လူတွေကို အသိအမှတ်ပြုပေးရမယ်။ ) 3. Software ကို ပြန်လည် ထုတ်ဝေခွင့်ရရှိမယ်။ 4. အဲဒီလိုမျိုး Software ကိုမည်သူမဆို အကျိုးရှိတဲ့ဘက်က ပြုပြင်ပြောင်းလဲတာ တွေများလာတာနဲ့ တစ်ပြိုင်နက်တည်း Software ဟာ တဖြည်းဖြည်း နဲ့ပိုမိုတိုးတက်လာပြီး အသုံးပြုတဲ့သူတွေကို ပိုမိုလွယ်ကူလာစေမှာ ဖြစ်ပါတယ်။ ( source code ကိုပြုပြင်ပြောင်းလဲခွင့်ကတော့ တောင်းခံခြင်း/ ၀ယ်ယူခြင်း ပြုလုပ်ရမှာပါ။ ) Linux အကြောင်း ပြောရမယ်ဆိုရင် Linux ဟာ Unix-Like ဖြစ်တဲ့အတွက် သူ့သမိုင်းကြောင်းထဲမှာ Unix Operation Systems အကြောင်းပါပြောမှ ပြည့်စုံသင့်တော်မှာပါ။

UNIX ကို AT&T က 1969 မှာ စတင်ခဲ့ပါတယ်။ ကနဦးမှာ MIT ( Massachusetts Institute of Technology ) ရဲ့ Bell Labs ကနေ 1957 ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး Multics ( Multiplexed Information and Computing Services ) လို့ Code Name ခေါ်ဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ UNICS ( UNiplexed Information and Computing Services ) လို့ ပြောင်းလဲခေါ်ဆိုရာမှ တဆင့် စာလုံးပေါင်း UNIX လို့ပြောင်းလဲ ခေါ်ဆိုခဲ့ပြန်ပါတယ်။ သူ့ရဲ့ Trade Mark ဟာ စာလုံးအကြီးတွေနဲ့ ရေးသားထားတဲ့ UNIX ပဲဖြစ်ပြီးအချို့က Unix ဆိုပြီး Small Caps နဲ့လဲရေးလေ့ရှိပါတယ်။ ပထမဆုံးအကြိမ် Release လုပ်တာကတော့ 11/03/1971 မှပါ။ UNIX ရဲ့ Design ကို Portable, Multitasking, Multi User Time Show ဆိုတဲ့အချက်တွေ ပါဝင်အောင် အခြေခံတည်ဆောက်ခဲ့တာပါ။ အရင်တုန်းက Computer လောကမှာ UNIX က လုံးဝနာမည်ကြီးပြီး စိုးမိုးနေရာယူထားတဲ့အချိန်။ အဲဒီအချိန်မှာ UNIX မှ UNIX ဖြစ်နေတော့ Microsoft ကနေ UNIX ကိုစီးပွားရေး လက်ဝါးကြီးအုပ်မှုနဲ့ 1970 ခုနှစ်လောက်မှာ တရားစွဲတယ်။ အဲဒီပွဲမှာ UNIX ရှုံးသွားခဲ့တယ်။ UNIX က အမှုရှုံးတော့ UNIX Source တွေကို တခြားသူတွေက တော်တော်များများ အလကားယူသုံးကြတယ်။ အခု ဒီမှာ Windows XP တို့၊ Windows Vista တို့ကို သုံးသလိုမျိုးပေါ့။ လူနည်းစုကပဲ တရားဝင်လိုင်စင် ၀ယ်သုံးကြတယ်။ ကျောင်းတွေ ရုံးတွေ အလုပ်ရုံတွေမှာ လိုင်စင်ဆောင်ပြီး သုံးမယ်ဆိုဂင် တော်တော်ကုန်ကျမှာလေ။

နောင် ၁၀ နှစ်လောက်ကြာတော့ 1980 ခုနှစ်လောက်မှာ UNIX က အမှုကိုပြန်ပြီး အယူခံဝင်တယ်။ တရားရုံးကလဲ အယူခံကို လက်ခံလိုက်တယ်။ အဲဒီတော့မှ စတွေ့တာပဲ။ ဘယ်ပြေးမလဲ အလကားရလို့ ယူသုံးထားတဲ့သူတွေ။ လိုင်စင်ကြေးပေးမလား မသုံးပဲနေမလား? ခိုးသုံးလို့ကတော့ ဖမ်းမိရင် လျော်ကြေးက နည်းမှာမဟုတ်ဘူးလေ။ အဲဒီတော့မှ ပေးရတော့တာပဲ။ စက်ရုံတွေ ရုံးတွေကတော့ ပေးနိုင်တာပေါ့ Amount မှ သိပ်မများတာကိုး။ မပေးနိုင်တာတွေက University တွေကျောင်းတွေ ဆေးရုံ လိုဟာတွေ။ အလုံးရေက မနည်းသလို တကယ်လဲ အများကြီးပေးရလောက်အောင် အသုံးဝင်နေတာ မဟုတ်ဘူး။ ဒါပေမယ့် မထားလို့လဲ မဖြစ်နိုင်ဘူးလေ။ ဘယ်လိုလုပ်မလဲ? အကျိုးအကြောင်း ပြောပြကြတာပေါ့။ ဒီတော့ UNIX ကနေပြီး Kernel သာသာလေး Computer ခေါ်လို့ရတယ်ဆိုရုံလေး ပေးထားလိုက်တယ်။ ဘာဆိုဘာမှ သုံးစားလို့မရတဲ့ အခြေအနေပေါ့။ အဲဒါကို မကျေနပ်တော့ Andrew S. Tanenbaum ကနေ ကျောင်းတွေ Education အတွက် Minix (Mini Unix) ဆိုတာကို 1987 မှာ စတင်ပြီး ပြင်ရေးတယ်။ Minix 1 က Unix 7 ကိုလိုက်နာတယ်။

Sun တို့ IBM တို့ TOSHIBA တို့ကလဲ UNIX ယူသုံးထားတာပဲ။ သူတို့ကမှ သုံးတာဆိုတာထက် ရောင်းစားတာဆို ပိုမှန်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ Hardware တွေမှာ Unix OS ထည့်ပြီးမှ ရောင်းစားနေတာလေ။ အဲဒီတော့မှလဲ စက်ကရောင်းရမှာကိုး။ စက်အခွံကြီးပဲဆို ဘယ်သူက ၀ယ်မတုန်း၊ မဟုတ်ဘူးလား? အဲဒီတော့ UNIX ကလည်းပြီးတော့လည်း ရှိပါစေတော့ နောက် ဘယ်လိုဆက်လုပ်ကြမလဲ ကဲ ( အဲဒီတော့ မပြောသော်လည်း အဲဒီပုံစံပေါ့နော် )။ ဒီတော့ စက်တစ်လုံးချင်းအတွက် ပေးရမယ်ဆိုရင်လည်း Hardware သမားတွေ သေပြီ။ ဒီတော့မှ Hardware Industry တစ်ခုခြင်းအတွက် Close Source အနေနဲ့ Unix-Like တွေကို နှစ်စဉ်ကြေးပုံစံနဲ့ Limited လေးလုပ်ပြီး လိုင်စင်တွေ ချရောင်းပေးပါတယ်.

အဲဒီအထဲက နာမည်ကြီးတွေကို ပြောပြရရင် -

Developer OS
IBM = AIX (Advanced Interactive eXecutive) Unix V 1986 -2007
HP = HP-UX (Hewlett Packard UniX) Unix V 1989- 2008
SIG = IRIX Unix V + BSD 1998-2006
Sun Microsystems = SunOS Unix 7 + BSD 1982 -1994
DEC, HP, IBM, Compaq = Tru64 1992 -2006
DEC = Ultrix (BSD Unix) 1977~78 - 1995
Microsoft = Xenix (Unix) 1970-1989

နောက် MS နဲ့ IBM ပေါင်းပြီး OS/2 ဆိုပြီး Unix/Xenix ထုတ်ပါသေးတယ်။

1977 ခုနှစ်မှာပဲ Berkeley (University of California) ကလဲ UNIX like Systems အဖြစ် BSD (Berkeley Software Distribution) ကိုရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာ FreeBSD OpenBSD NetBSD Dragonfly BSD တွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။ 1984 ခုနှစ်မှာ Richard Stallman ကနေပြီး GNU Project ကိုစတင်ခဲ့ပါတယ်။ သူ့ရဲ့ဦးတည်ချက်က UNIX မှာ အသုံးပြုလို့ရတဲ့ Software တွေကို ရေးသားပြီးအခမဲ့ပေးနိုင်ဖို့တဲ့။ နောင်တစ်နှစ် 1985 မှာ FSF လို့အခုခေါ်ကြတဲ့ Free Software Foundation ကိုတည်ထောင်တယ်။ GNU General Publish License (GNU GPL) ကိုလည်း တလက်စတည်း ဆက်လက်ရေးသားတယ်။ တကယ်ရေးတော့ Compiler, text Editor တွေ UNIX Shell တွေနဲ့ Windowing System တွေကို 1989, 1990 လောက်မှပြီးတယ်။

သူတို့ ဘယ်လောက် copyright ကို စိတ်ကုန်သလဲဆိုရင် သူ့ရဲ့ license ကို Copy Left တဲ့ဗျာ။ သူများတွေက C ကို အပေါ်က၀ိုင်းထားတယ်ဗျာ။ သူက ဆန့်ကျင်ဘက် C ရဲ့ ပြောင်းပြန် မြန်မာဂဏာန်း ၁ လိုမျိုးလေးကို ပြန်ဝိုင်းပေးထားတယ်။ မှတ်ကရော ကဲ။ နောက် Andrew S. Tanenbaum ရဲ့ ကျောင်းသား Linus Torvalds ဆိုတဲ့ တစ်ယောက်က News Group တစ်ခုမှာ Unix လို OS မျိုး အခမဲ့ မရေးနိုင်ဘူးလား၊ အစကစပြီး ရေးကြရအောင်ဆိုပြီး ကြွေးကြော်ပြီး စတင်ဖိတ်ခေါ်တာ တွေ့ရတယ်။ Linus Torvalds အဲဒီနောက် တစ်ကောက်ကောက် လိုက်ရင်း ပထမဆုံး Linux Kernel ကို C Language နဲ့ရေးပြီး 1991 ခုနှစ်မှာ Release လုပ်ပေးနိုင်ခဲ့တယ်။

တကယ်တမ်းတော့ Linux က kernel တစ်ခုတည်းပါပဲ။ Core Kernel လို့ပဲ ခေါ်ကြပါတယ်။ အဓိကဖြစ်တာ မှန်ပေမယ့် သူတစ်ခုတည်းနဲ့ ပြီးပြည့်စုံတဲ့ Operation System တစ်ခု ဖြစ်မလာနိုင်ပါဘူး။ Module Base/Component တွေ လိုအပ်ပါသေးတယ်။ နောက်ပိုင်းမှာတော့ GPL လိုင်စင်မှာပါတဲ့ Software တွေက Unix-Like လေ။ Unix ပေါ်မှာ ကောင်းကောင်း အလုပ်လုပ်တဲ့ Free Software။ အခုရေးတဲ့ Linux Kernel ကလဲ Unix-Like ဆိုတော့ Unix လိုပဲအလုပ်လုပ်တယ်။ နှစ်ခုပေါင်းလိုက်တော့မှ တိုးတက်လာတာ အံ့မခန်းပဲ။ Unix က 1960 မတိုင်မီက Assembly နဲ့ရေးပြီး 1960 နောက်ပိုင်းတော့ C နဲ့ရေးထားတာ။ Linux ကလဲ C နဲ့ပဲ ရေးထားတာ။

ဒါပေမယ့် တစ်ခုတော့ ရှိတယ်နော်။ Linux the NOT Unix!.

နောက်ပိုင်း GPL license နဲ့ Software တွေများလာသလို GPL License ကလဲ Version 3 အထိရောက်လာတယ်။

အဲဒီမှာ Linus Torvalds က GPL v3 မှာပါတဲ့ အချို့စည်းမျဉ်းစည်းကမ်းတွေ မကြိုက်တဲ့အတွက် GPL v3 ကို လက်မခံနိုင်ဘူးလို့ဆိုလာပြန်လို့ Richard Stallman က ဆီလီကွန်တောင်ကြားက Linus ရဲ့အိမ်မှာ သုံးရက်လောက် အခြေအတင် တော်တော်ကြီးဆွေးနွေးခဲ့ရပါသေးတယ်။ နောက်မှ Linus Torvalds က လက်ခံသွားတာ။

1998 ခုနှစ်မှာ OSS (Open Source Software) တွေ OSD (Open Source Definition) တွေ အတွက်ဆိုပြီး OSI (Open Source Intiactive) ဆိုတဲ့ corporation တစ်ခု ပေါ်ပေါက်လာပါတယ်။ Eric S. Raymond ကစပြီး 1997 မှာ စတည်ထောက်တာပါ။ သူကတော့ Source တွေပါမျှ ဝေပေးဖို့ရည်ရွယ်ပါတယ်။ Open Source ဆိုတဲ့ အမည်ကို စတင်သုံးစွဲခဲ့တာကတော့ Netscape (Mozilla) ပါပဲ။ OSI ရဲ့ Logo ကတော့ မြန်မာလို ဂ ငယ်လေးဗျ။ CopyRight - EULA တွေ တော်တော်မုန်းကြပုံပဲ။

OSS နဲ့ FSF က တူသလိုနဲ့ မူကွဲတယ်။ Richard Stallman က GPL ကို OSS လို့တွဲသုံးရင် မကြိုက်ဘူး။ FSF က Software တွေ Free ပေးသုံးဖို့ ရည်ရွယ်တယ်။ OSS က Source တွေမျှဝေပေးဖို့ရည်ရွယ်တယ်။ နောက်ပိုင်း Software တွေ တော်တော်များများက OSI က OSS အတွက် Certificate ပေးပြီး အသိအမှတ်ပြုတယ်။ GPL License ရဲ့ စည်းကမ်းတွေအောက်မှာ အလုပ်လုပ်တယ်။ အခုနောက်ပိုင်း Software တွေက နှစ်ခုလုံးကို လိုက်နာတော့ OSS, GPL နှစ်ခုလုံးတူတူပဲလို့ အမှတ်မှားနေကြပြီ။ OSS တွေ ရှာချင်တယ်ဆိုင်တော့ sourceforge.net လို ဆိုက်တွေရှိပါတယ်။ ခင်ဗျားတို့ကိုယ်ပိုင် Source တွေ Free တင်ထားနိုင်သလို support services ရောင်းခိုင်းလို့လဲရပါတယ်။ ပေးထားတဲ့ သောင်းချီနေတဲ့ Source တွေကို ယူပြီး သုံးစွဲလေ့လာနိုင်ပါတယ်။ Source တွေ အခမဲ့ပေးထားပေမယ့် support services ကိုပိုက်ဆံပေးမှ လုပ်ပေးတာတွေလဲရှိပါတယ်။ (CVS) Concurrent Versions System နဲ့ (svn) Subversion တွေနဲ့ပြသပေးထားပါတယ်။ wiki ကိုအသုံးပြုပြီး Source History တွေ Manual တွေ Bug Report တွေ ရေးနိုင်ပါတယ်။ အခုနောက်ပိုင်း နာမည်ကြီးလာတာကတော့ http://code.google.com/hosting/ ပါ။ အခမဲ့ Source တွေ သွားရောက်လေ့လာစေချင်ပါတယ်။

ubuntu offline update

Ubuntu ကို ဘယ်လို Update လုပ်မလဲ? Internet ရှိမှ update လုပ်လို့ရတယ်ဆိုရင် Internet မရှိရင် ဘယ်လိုလုပ်မလဲ??? အဲ့ဒီအတွက် စိတ်မပူပါနဲ့ … အခု ကျွန်တော် Ubuntu မှာ Offline update ဘယ်လိုလုပ်သလဲဆိုတာ ပြောပြသွားမှာပါ.

Update Folder ကို /home/user-name/ အောက်မှာထားပြီး ပြသပေးသွားပါမယ်။ အဲဒါက update လုပ်ရာမှာ ပိုမိုလွယ်ကူစေပါတယ်။ အမြဲတမ်း Terminal မှာ ခေါ်ရင် ကိုယ်ဝင်ထားတဲ့ User ရဲ့ Home ကို cd ~/ ဆိုရင် ရောက်ပါတယ်။ Desktop ဆိုရင်တော့ cd ~/Desktop ပါ။ အရင်ဆုံး Update File ကို Home အောက်မှာ ရွှေ့ထားလိုက်ပါ။ ပြီးရင် .tar file ကိုဖြေပေးရပါမယ်။ Window မှာဆို .rar လို file မျိုးကိုပြောတာပါ။ .tar file ကို right click နဲ့ Extract Here ဆိုရင် ရပါတယ်။ (Terminal ထဲကနေ ဖြေချင်ရင်တော့ tar-xvf update.tar ပါ။

ပြီးရင် Update Folder ကိုဝင်ပါ။ အပေါ်က Address Bar မှာ Home, User, Update ဆိုပြီး ဖြစ်နေပါလိမ့်မယ်။ ဘေးနားက ခဲတံပုံလေးကို နှိပ်လိုက်ရင် သူ့ရဲ့ Address အမှန်ကို မြင်ရပါတယ်။ home/user/update ဆိုပြီးတော့ပေါ့။ အဲ့ဒီ Address ကို အရင် copy လုပ်လိုက်ပါ။

ပြီးရင်တော့ Terminal ကို ဖွင့်လိုက်ပါ။ နောက်…


sudo gedit /etc/apt/source.list


sudo ဆိုတာ Root user အနေနဲ့သုံးမယ်။ အလယ်က gedit ကတော့ gedit ဆိုတဲ့ notepad လို editor ကိုအသုံးပြုပြီး နောက်က file ကိုပြင်မယ်လို့ပြောတာပါ။ အထဲမှာပါတဲ့စာတွေကတော့ Online ကနေ Update လုပ်ဖို့ link တွေ သတ်မှတ်ထားတာပါ။

အဲဒီထဲက စာတွေအားလုံးကို ဖျက်လိုက်ပါ။ ပြီးရင် deb လို့ရိုက်ပါ။ space ရိုက်ထည့်ပါ။ ပြီးရင် file:// ဆိုပြီးရိုက်ပါ။ နောက် စောစောက ကူးထားတဲ့ link လေးကို paste လုပ်ပါ။ ပြီးရင် space တစ်ခါခုန်ပြီး ./ ရိုက်ထည့်ပေးပါ။


deb file:///home/username/Desktop/dpkg-repack ./


ပြီးရင် save လုပ်ပြီး ထွက်လိုက်ပါ။ Source list ထဲကိုထည့်ပေးလိုက်ပါပြီ။ အခု Update လုပ်ပါတော့မယ်။ Terminal ကိုပြန်ခေါ်လိုက်ပါ။


sudo apt-get update


Enter နှိပ်ချလိုက်ပါ။ List တွေလိုက်စုနေတာ တွေ့ရပါလိမ့်မယ်။ Offline ဖြစ်တဲ့အတွက် Online ကို connection အခက်အခဲကို စိတ်ပူစရာမလိုတဲ့အတွက် မကြာပါဘူး။ ခဏလေးပါပဲ။ ပြီးရင် software တွေကို Install စလုပ်လို့ရပါပြီ။


sudo apt-get install Ubuntu-tweak


ဆိုပြီးသွင်းကြည့်ပါ။ Ubuntu-tweak ဆိုတာ ubuntu မှာအရမ်းအသုံးဝင်တဲ့အရာပါ။ Ubuntu tweak နဲ့ တခြား Program တွေအများကြီးသွင်းလို့ရပါတယ်။

Compiz

Compizconfig-setting-manager

Compiz-plugin

Gnome-do

အပါအ၀င် တခြား အသုံးဝင်တဲ့ Software တွေအများကြီးကို update install လုပ်နိုင်ပါတယ်။

Saturday, July 17, 2010

ကျော်ကြမယ်ခွကြမယ်....

ကျွန်တော်တိုအရင်ကကျော်ချင်ခွချင်ရင် freedom တို့ တခြားကျော်တဲ့ software တွေသုံးကြရတယ် ခုတော့ firefox မှာဘဲ အလွယ်ကျော်လိုရပြီလေ...
ဒီနည်း ကို myanmatitman ကနေရတာပါ...
ပြောပြမယ်နော်...
Mozilla ရဲ့ addons တွေထဲက Phzilla addon လေးက ကျော်ချင်သူတွေအတွက် အသုံးတည့်မယ်ထင်တယ်။ အောက်က link နဲ့ Download လုပ်ပြီး Mozilla မှာ install လုပ်လိုက်ပါ။

https://addons.mozilla.org/en-US/firefox/downloads/latest/3239/addon-3239-latest.xpi

install လုပ်ပြီးရင် address bar မှာ P ပုံလေးပေါ်လာလိမ့်မယ်။ denied ပေါ်လာတဲ့ site ဆိုရင်တော့ Address bar က P လေးကို Click လုပ်ရင်ရပြီ။

Friday, July 16, 2010

HELLO

ပိုးမွှားလေးများကမ္ဘာမှကြိုဆိုပါတယ်