Saturday, July 24, 2010

ubuntu offline update

Ubuntu ကို ဘယ်လို Update လုပ်မလဲ? Internet ရှိမှ update လုပ်လို့ရတယ်ဆိုရင် Internet မရှိရင် ဘယ်လိုလုပ်မလဲ??? အဲ့ဒီအတွက် စိတ်မပူပါနဲ့ … အခု ကျွန်တော် Ubuntu မှာ Offline update ဘယ်လိုလုပ်သလဲဆိုတာ ပြောပြသွားမှာပါ.

Update Folder ကို /home/user-name/ အောက်မှာထားပြီး ပြသပေးသွားပါမယ်။ အဲဒါက update လုပ်ရာမှာ ပိုမိုလွယ်ကူစေပါတယ်။ အမြဲတမ်း Terminal မှာ ခေါ်ရင် ကိုယ်ဝင်ထားတဲ့ User ရဲ့ Home ကို cd ~/ ဆိုရင် ရောက်ပါတယ်။ Desktop ဆိုရင်တော့ cd ~/Desktop ပါ။ အရင်ဆုံး Update File ကို Home အောက်မှာ ရွှေ့ထားလိုက်ပါ။ ပြီးရင် .tar file ကိုဖြေပေးရပါမယ်။ Window မှာဆို .rar လို file မျိုးကိုပြောတာပါ။ .tar file ကို right click နဲ့ Extract Here ဆိုရင် ရပါတယ်။ (Terminal ထဲကနေ ဖြေချင်ရင်တော့ tar-xvf update.tar ပါ။

ပြီးရင် Update Folder ကိုဝင်ပါ။ အပေါ်က Address Bar မှာ Home, User, Update ဆိုပြီး ဖြစ်နေပါလိမ့်မယ်။ ဘေးနားက ခဲတံပုံလေးကို နှိပ်လိုက်ရင် သူ့ရဲ့ Address အမှန်ကို မြင်ရပါတယ်။ home/user/update ဆိုပြီးတော့ပေါ့။ အဲ့ဒီ Address ကို အရင် copy လုပ်လိုက်ပါ။

ပြီးရင်တော့ Terminal ကို ဖွင့်လိုက်ပါ။ နောက်…


sudo gedit /etc/apt/source.list


sudo ဆိုတာ Root user အနေနဲ့သုံးမယ်။ အလယ်က gedit ကတော့ gedit ဆိုတဲ့ notepad လို editor ကိုအသုံးပြုပြီး နောက်က file ကိုပြင်မယ်လို့ပြောတာပါ။ အထဲမှာပါတဲ့စာတွေကတော့ Online ကနေ Update လုပ်ဖို့ link တွေ သတ်မှတ်ထားတာပါ။

အဲဒီထဲက စာတွေအားလုံးကို ဖျက်လိုက်ပါ။ ပြီးရင် deb လို့ရိုက်ပါ။ space ရိုက်ထည့်ပါ။ ပြီးရင် file:// ဆိုပြီးရိုက်ပါ။ နောက် စောစောက ကူးထားတဲ့ link လေးကို paste လုပ်ပါ။ ပြီးရင် space တစ်ခါခုန်ပြီး ./ ရိုက်ထည့်ပေးပါ။


deb file:///home/username/Desktop/dpkg-repack ./


ပြီးရင် save လုပ်ပြီး ထွက်လိုက်ပါ။ Source list ထဲကိုထည့်ပေးလိုက်ပါပြီ။ အခု Update လုပ်ပါတော့မယ်။ Terminal ကိုပြန်ခေါ်လိုက်ပါ။


sudo apt-get update


Enter နှိပ်ချလိုက်ပါ။ List တွေလိုက်စုနေတာ တွေ့ရပါလိမ့်မယ်။ Offline ဖြစ်တဲ့အတွက် Online ကို connection အခက်အခဲကို စိတ်ပူစရာမလိုတဲ့အတွက် မကြာပါဘူး။ ခဏလေးပါပဲ။ ပြီးရင် software တွေကို Install စလုပ်လို့ရပါပြီ။


sudo apt-get install Ubuntu-tweak


ဆိုပြီးသွင်းကြည့်ပါ။ Ubuntu-tweak ဆိုတာ ubuntu မှာအရမ်းအသုံးဝင်တဲ့အရာပါ။ Ubuntu tweak နဲ့ တခြား Program တွေအများကြီးသွင်းလို့ရပါတယ်။

Compiz

Compizconfig-setting-manager

Compiz-plugin

Gnome-do

အပါအ၀င် တခြား အသုံးဝင်တဲ့ Software တွေအများကြီးကို update install လုပ်နိုင်ပါတယ်။

No comments:

Post a Comment